Sunday, 6 September 2015

How to root samsung (SM-G355M) 100%

ဒီနေ့ ဘော်ဒါတစ်ယောက် ဆမ်ဆောင်း ဖုန်းတစ်လုံး (SM-G355M) root ဖေါက်ချင်လို့
ဆိုပြီး ကျနော့် ကိုလာပေးပါတယ် ကျနော်ကလည်း ပုံမှန် အတိုင်းပဲ root tools လေးနဲ့
ဖေါက်ပေးလိုက်တယ်ပေါ့ ဒါပေမယ့် မပေါက်ဘူး ဖြစ်နေတယ် အဲဒါနဲ့ တိုင်ပတ်နေတာ
ပေါ့ အခုတော့ အဲဒီဖုန်းလေးကို root ဖေါက်နိုင်ပြီဖြစ်လို့ သိချင်တဲ့ ဘော်ဒါတွေ များ ရှိ
ရင် သိနိုင်ပါစေလို့ ရည်ရွယ်ချက် နဲ့ ဒီပို့စ်လေးကိုတင်ပေးလိုက်တာပါ သိတဲ့ ဆရာများ
ကကျော်သွားကြပါနော်  အရင်ဦးဆုံး ဒီနေရာလေးကနေ လိုအပ်တဲ့ ဇစ်ဖိုင်လေးကို
ဒေါင်းလိုက်ပါနော် ပြီးရင် ဖုန်းကို ကွန်ပြူတာနဲ့ ဆက်သွယ်လိုက်ပါ ဒေါင်းလို့ ရတဲ့ ဖိုင်
ကို sd ကဒ်ထဲသို့ ထည့်လိုက်ပါ ။ ဖုန်းကို ပါဝါပိတ်လိုက်ပြီး (vol+/home/power) ခလုတ်ရယ်ကို တပြိုင်နက်ထဲ နှိပ်လိုက်ပါ recovery mode ဝင်တာပါ ပြီးရင် apply update from external storage ကို ရောက်အောင် သွားပြီး power ခလုတ်ကို နှိပ်လိုက်ပါ ဒေါင်း
ထားတဲ့ ဇစ်ဖိုင် ကိုရွေးပေးလိုက်ပြီး power ခလုတ်ကို နှိပ်ပေးလိုက်ပါ သူ့ဘာသာသူ
အလုပ်လုပ်နေပါလိမ့်မယ် ပြီးရင် reboot ကျသွားပါလိမ့်မယ် စက်ပြန်တက်လာရင်
super user လေးကို ဖုန်းထဲမှာတွေ့ရပါလိမ့်မယ် root checker လေးကို ထည့်ပြီး root
ရှိမရှိ စမ်းသပ် ကြည့်လိုက်ပါ root ပေါက်နေတာ တွေ့ရပါလိမ့်မယ်။ ကျနော် ရေးပြတာ
မရှင်းရင် အောက်က video ဖိုင်လေးကို ကြည့်ပြီး လိုက်လုပ်နိုင်ပါတယ်

       

No comments:

Post a Comment